Mobile ပေါ်ရောက်လာပြီဖြစ်တဲ့ Albion Online

Player တွေကိုယ်တိုင်ဆုံးဖြတ်လည်ပတ်နေတဲ့ In-game Economy နဲ့နာမည်ကြီးတဲ့ Albion Online ဟာအခုဆိုရင် Mobile Platform ပေါ်ကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဒီ MMORPG game က စပြီးဆော့ကြည့်လိုက်ရင် Runescape ဆန်ဆန် Fantasy theme ဘက်ကိုယူထားတာတွေ့ရပြီးတော့ Eve Online လိုမျိုး Player-Driven Economy နဲ့လည်ပတ်နေတာကြောင့် လူကြိုက်များနေတဲ့ Game တစ်ခုပါ။ တစ်ကယ်တမ်းလဲ Eve Online မှာပါဝင်ခဲ့တဲ့ Developer တွေကပဲဖန်တီးထားတာကို...

Albion Online ဆိုတာဘာ Game လဲ?

Albion Online ကိုတော့ Sandbox Interactive လို့ခေါ်တဲ့ Germany အခြေဆိုက် Studio တစ်ခုကဖန်တီးထားပါတယ်။ Development ကာလတုံးကတော့ Crowdfunded နဲ့ "Founder's Pack" တွေစရောင်းခဲ့ပြီး ဝယ်တော့မှကစားလို့ရတဲ့ Early Access game အနေနဲ့စခဲ့ပါတယ်။ Game ကခရီးတစ်ခုရောက်တဲ့အခါမှာတော့ သူတို့က Founder's Pack တွေရောင်းချမှုကိုရပ်ပြီး Free to Play Model တစ်ခုအနေနဲ့ ပြောင်းလဲလာခဲ့တာပါ။ 2017 မှာစပြီး ထုတ်ခါစထဲကလဲ Mobile Platform မှာ Android နဲ့ iOS အတွက်ပါထုတ်မှာဆိုပြောခဲ့ပြီး Android version ကိုလဲ အဲ့တုံးထဲကစမ်းလာခဲ့ပေမယ့် iOS အတွက်တော့မရခဲ့ပါဘူး။ အခုဆိုရင်တော့ ၅နှစ်ဝန်းကျင်ကြာခဲ့ပြီးနောက်မှာ Mobile Platform အတွက် Official ထွက်လာပြီဖြစ်တဲ့အတွက် အရင်တုံးကလို Performance issue တွေလဲမတွေ့ရသလောက် နည်းပါးသွားတာသတိထားမိရပါတယ်။

သူ့ Gameplay ကတော့အပေါ်မှာပြောခဲ့သလို Runescape နဲ့သွားဆင်မယ့် MMORPG တစ်ခုပါ။ Character ဖန်တီးရင် Class တစ်ခုထဲကိုရွေးပြီးကစားရတဲ့ပုံစံမျိုးမဟုတ်ပဲ အရမ်းကျယ်ပြန့်တဲ့ Skill Tree (Game ထဲမှာတော့ Destniy Board လို့ခေါ်ပါတယ်) ကြီးမှာကိုယ်ကစားချင်တဲ့ Play Style အတိုင်း Skill တွေတင်၊ ကိုယ်ကြိုက်တဲ့ Equipment တွေဆင်ပြီး ကစားရတဲ့ပုံစံမျိုးပေါ့။  Player တွေက Openworld ကြီးထဲမှာ စွန့်စားခန်းထွက်၊ Activities တွေ Quest တွေလုပ်ရင်း Fame တွေစုဆောင်းကြရတယ် (အခြား game တွေမှာတော့ exp ပေါ့)။ PvE ရော PvP Content တွေရောပါတဲ့အပြင် Guild vs Guild (GvG) event တွေဆိုရင် Player တွေအများကြီးနဲ့ကစားရတာ ပျော်စရာကြီး။ Player Driven Economy ဖြစ်တဲ့အတွက် Game ထဲမှာမြင်ရတဲ့ Item တွေ၊ Equipment တွေအကုန်လုံးကို Player တွေကိုယ်တိုက်ကပဲ ဖန်တီးပြီး ကြိုက်နှစ်သက်သလို ဈေးကွက်အခြေအနေအရ ဈေးတွေကစားပြီး အရောင်းအဝယ်လုပ်ကြရတာဖြစ်ပါတယ်။ ဒီမြို့မှာဈေးပေါတဲ့ Item တစ်ခုက နောက်မြို့မှာဈေးပိုတက်နိုင်တာမျိုးကြောင့်မို့ In-Game Economy ကလဲ ဒီ Game ရဲ့ဆွဲဆောင်မှုတွေထဲကတစ်ခုလို့ပြောရမယ်ဗျ။ ကိုယ်ကစားချင်တာက PvP မှာပဲမဟုတ်ပဲ နေမြေတွေ Explore လုပ်ရတာ၊ Item တွေ Craft ရတာ၊ ကိုယ်ပိုင် Island လေးမှာအပင်တွေဘာတွေစိုက်ပြီး အေးဆေးကစားချင်တဲ့သူတွေအတွက်လဲ Content တွေစုံစုံလင်လင်ပါတာတွေ့ရပါတယ်။


Mobile version launch လုပ်တဲ့အခါမှာလဲ အပေါ်ကလို ဟာသဆန်ဆန် Trailer လေးနဲ့ Mobile Player တွေကိုဆွဲဆောင်ထားတာတွေ့ရပါတယ်။ Mobile version ကိုလဲ PC Experience အတိုင်းခံစားနိုင်အောင် လုပ်ပေးထားတာဖြစ်တဲ့အတွက် Platform မတူတဲ့သူငယ်ချင်းတွေနဲ့ အတူတူကစားဖို့ပဲဖြစ်ဖြစ်၊ PC မှာကစားနေရင်း အပြင်သွားစရာရှိလို့ ဆက်ပြီးကစားချင်ရင်ပဲဖြစ်ဖြစ် တော်တော်လေးအဆင်ပြေစေမှာပါ။ တစ်ခုရှိတာ Player တွေအများကြီးပြုံပြီးချရတဲ့ Guild vs Guild လိုမျိုး၊ အရောင်းအဝယ်အများကြီးလုပ်ကြတဲ့ Marketplace လိုနေရာမျိုးတွေမှာတော့ Mobile Screen အသေးလေးနဲ့ကြည့်ရတာ နည်းနည်းတော့ ခက်မယ်ထင်တယ်ဗျ။ PC ရော Mobile ရော Login ဝင်တဲ့သူတွေအတွက် Special Chimera Mount Skin နဲ့ 100,000 Fame လဲလက်ဆောင်ပေးနေတယ်နော်!

Download Links : 

Comments

Popular posts from this blog

ဘယ် Mobile Game တွေက Chill လို့ကောင်းလဲ?

တော်လှန်ရေးသူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ - နွေဦးတော်လှန်ရေး Game အသစ်