တော်လှန်ရေးသူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ - နွေဦးတော်လှန်ရေး Game အသစ်


စစ်အာဏာရှင်ကိုတော်လှန်တဲ့နေရာမှာ ကိုယ်ပိုင်တက်စွမ်းထားတဲ့ အသိပညာ၊ အတက်ပညာတွေနဲ့ နယ်ပယ်မျိုးစုံက ထောင့်စုံတော်လှန်နေကြတဲ့အခါ Myanmar Game Dev တွေဘက်ကလဲ နောက်ထပ် Game အသစ်တစ်ခု ပေါ်ထွက်လာခဲ့ပြန်ပါပြီ။ လမ်းပေါ်မှာဆန္ဒထွက်ပြရင်းနဲ့ ဒလန်တွေဖယ်ထုတ်၊ ‌ခွေးတွေနဲ့ရင်ဆိုင်ရမယ့် Game လေးဖြစ်ပါတယ်။ Game နာမည်ကတော့ SR Mini (Spring Revolution Mini) ပါတဲ့။


အရင်တစ်ခေါက်ကလဲ Z Revolution ဆိုပြီးတော့ Plants vs Zombies ပုံစံနဲ့ တော်လှန်ရေး Game တစ်ခုထွက်ထားခဲ့ပြီးပြီဖြစ်ပါတယ်။ ဒီတစ်ခေါက်ထွက်လာတဲ့ Game လေးမှာတော့ Player ကလမ်းမပေါ်မှာ ဦးဆောင် ဆန္ဒပြရင်းနဲ့ လမ်းပေါ်မှာပါဝင်လာတဲ့ အခြားဆန္ဒပြသူတွေနဲ့ ပူးပေါင်းပြီး ချီတက်ဆန္ဒပြရမှာဖြစ်ပါတယ်။ ဒါပေမယ့် သတိထားရမှာက ဆန္ဒပြပြည်သူဟန်ဆောင်နေတဲ့ ဒလန်တွေပါဝင်တာကိုပါပဲ။ ဒီဒလန်တွေကိုဆန္ဒပြပြည်သူလူအုပ်ကြားထဲမရောက်ခင် အမြန်ဖယ်ထုတ်ရမှာပါ။ တစ်ကယ်လို့မဖယ်ထုတ်နိုင်ခဲ့ရင်တော့ တစ်ဖြေးဖြေးရဲ့ လူအုပ်ကြားထဲကနေ အဖွဲ့ရဲ့ Morality ကိုတစ်ဖြေးဖြေးဖြုတ်ချနေမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ဆန္ဒပြသွားနေရင်းလမ်းမှာ ခွေးအုပ်စုတွေနဲ့တွေ့မယ်ဆိုရင် ကျည်ဆံတွေကို Barricade တွေနဲ့အကာအကွယ်ယူ၊ သူတို့ပစ်တဲ့မျက်ရည်ယိုဗုံးတွေကို သူတို့စီပြန်ပစ်ပြီး ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ 



Game ကတော့ 3D ဖြစ်ပြီးတော့ Artstyle ကတော့ Roblox ဆန်ဆန် ချစ်စရာ Character လေးတွေပါဝင်ပါတယ်။ လမ်းတွေပေါ်မှာတော့ ရန်ကုန်၊ မန္တလေး၊ မုံရွာက အထင်ကရ အဆောက်အအုံတွေပါဝင်ပြီးတော့ လမ်းကတစ်ဖြောင့်ထဲလဲမဟုတ်ပဲ အကွေ့အပတ်တွေနဲ့ ချိုးကွေ့ပြီး ဆန္ဒပြရမယ့်ပုံစံချထားတာတွေ့ရပါတယ်။ Level ပိုပြီးတက်လာလေလေ Character အသစ်တွေပိုပြီးပွင့်လာလေလေဖြစ်ပြီးတော့ Character တွေထဲမှာဆိုရင်လဲ မီးရထားဝန်ထမ်း၊ EPC ဝန်ထမ်း၊ သတင်းထောက်၊ တေဇာဆန်း၊ ဝေမိုးနိုင်၊ အိသင်ဇာမောင်၊ ကြယ်ဇင်(Angel)... တို့အပြင်အခြား သူရဲကောင်းများစွာကိုလဲ Character အနေနဲ့ဖန်တီးပြီး ဂုဏ်ပြုထားတာတွေ့ရပါတယ်။ လောလောဆယ်မှာတော့ ဒလန်တွေနဲ့ မျက်ရည်ယိုဗုံးတွေကို Swipe လုပ်ပြီး ဖယ်ရတဲ့နေရာမှာ နည်းနည်းလေးခက်နေပေမယ့် Developer တွေကနောက် Update တွေမှာပိုပြီးအဆင်ပြေအောင် ဖန်တီးပေးသွားပါမယ်လို့ဆိုပါတယ်။


"နွေဦးသူရဲကောင်းတွေကို ဂုဏ်ပြုချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ SR Mini ဆိုတဲ့ဂိမ်းလေးကို ဖန်တီးပေးထားပါတယ်. Gameplay ကတော့ သပိတ်ခေါင်းဆောင်နေရာကနေ ပါ၀င်ကစားရမှာဖြစ်ပြီး လမ်းတစ်လျှောက် လူတွေစု၊ ဒလံတွေကို ကန်ထုတ်၊ အကြမ်းဖက်ကောင်တွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ပန်းတိုင်ကိုအရောက်သွားရမှာပါ. Gameplay က ခက်ခက်ခဲခဲ စွဲစွဲလမ်းလမ်း ကစားရတာမျိုး မဟုတ်ပဲ သပိတ်စစ်ကြောင်းချီတက်ကြပုံကို interactive virtual experience ပေးနိုင်တဲ့ သရုပ်ပြဂိမ်း ပုံစံအဖြစ်သာ ဖန်တီးပေးထားပါတယ်. Offline game ဖြစ်ပြီး internet လုံး၀မလိုပါဘူး။ " လို့ SR Mini ရဲ့ Facebook Page မှာဆိုထားပါတယ်။

Game ကိုတော့ Itch io မှာတင်ပေးထားပြီးလောလောဆယ်တော့ Android Platform တစ်ခုထဲအတွက်တွေ့ရပါတယ်။

Download link : https://bigdaddy69dev.itch.io/spring-revolution-mini

Comments

Post a Comment

Popular posts from this blog

ဘယ် Mobile Game တွေက Chill လို့ကောင်းလဲ?

Mobile ပေါ်ရောက်လာပြီဖြစ်တဲ့ Albion Online