GenZ တွေရဲ့ Game သပိတ် : Z Revolution - Interview!

GenZ တွေရဲ့ Game သပိတ် : 

Z Revolution - Interview!





လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေလျက်ရှိတဲ့ စစ်အာဏာသိမ်းမှုကို နယ်ပယ်မျိုးစုံက အသိပညာရှင်၊ အတက်ပညာရှင်မျိုးစုံက တက်စွမ်းသလောက် ကိုယ်စွမ်းဉာဏ်စွမ်းများနဲ့ တွန်းလှန်လျက်ရှိကြပါတယ်။ Game Development ပိုင်းကိုဝါသနာပါတဲ့ GenZ အဖွဲ့တစ်ဖွဲ့မှလဲ စစ်ကောင်စီရဲ့မတရားမှုတွေ၊ မြေပြင်မှာ ဆဒ္ဒပြပြည်သူတွေအနေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရပုံတွေကို သရုပ်ဖော်တဲ့အနေနဲ့ Z Revolution ဆိုတဲ့ Strategy Game လေးတစ်ခု ဖန်တီးခဲ့ကြပါတယ်။ What is up Everybody? SkyHigh ကပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ဒီ Z Revolution ဆိုတဲ့ Game လေးကိုဖန်တီးထားတဲ့ Developer တွေနဲ့ Interview လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


Interview Session

---------------------------------------

မေး : မင်္ဂလာပါဗျ၊ အရင်ဆုံးအစ်ကိုတို့အနေနဲ့ ဒီ Game လေးကိုဖန်တီးဖို့ ဘယ်လို Idea ရခဲ့တယ်ဆိုတဲ့အကြောင်းလေးပြောပြပေးပါ။


ဖြေ : ဟုတ်၊ ဒီ Game ကိုဖန်တီးဖို့ Idea ကတော့ ကျွန်တော်တို့မှမဟုတ်ပါဘူး၊ မြေပြင်မှာတစ်ကယ်လှုပ်ရှားနေကြရတဲ့အခါမျိုးမှာ Strategy တွေကိုတိုင်ပင်ကြရင် ကျွန်တော်တို့ငယ်ငယ်က အရမ်းကြိုက်ခဲ့ကြတဲ့ Game : Plants Vs Zombies ကနေရာချတဲ့ပုံစံမျိုးတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ပြောနေခဲ့ကြထဲက ဒီ Idea ကို Toss Around လုပ်နေခဲ့ကြတယ်လို့ပြောရမှာပေါ့နော်၊ ကျွန်တော်တို့က လုပ်ချင်တာတော့ကြာပြီဆိုပေမယ့် ဒီကာလတစ်ခုမှာ အခြားဘက်တွေကလဲ ပံ့ပိုးနေတာရယ်၊ ကျွန်တော်တို့ ဒီ Idea အကြောင်းကိုသေချာတိုင်ပင်ဖို့ လူကလဲသေချာမစုမိတာရယ်တွေကြောင့် ကျွန်တော်တို့အခုနောက်ပိုင်းမှလုပ်ဖြစ်တာပါ။

---------------------------------------

မေး: Aww.. ဟုတ်ကဲ့ဗျ။ လူစုမိတယ်ဆိုလို့လေ... အစ်ကိုတို့အနေနဲ့ဖန်တီးတဲ့နေရာမှာ လူအင်အားဘယ်လောက်လောက်များ သုံးခဲ့ရလဲမသိဘူး?


ဖြေ: အစကတော့ ကျွန်တော်တစ်ယောက်ထဲ Game ကို Prototype ကစားလို့ရအောင် အရင်ရေးတယ်၊ ရေးလို့ပြီးလို့ ကစားလို့ရတဲ့အခြေအနေရောက်တော့ Artist တစ်ယောက်ထပ်တိုးလာပြီးတော့ Game ထဲက Art တွေကိုအစားထိုးရပါတယ်။ ပြီးတော့ Level Design တွေ၊ Game Balance ဖြစ်မဖြစ် Play test လုပ်ဖို့အတွက် PlayTester တစ်ယောက်ထပ်ပါတယ်ဆိုတော့ ကျွန်တော်တို့ ၃ယောက်ပါဝင်ဖြစ်ပါတယ်။

---------------------------------------

မေး : ဟုတ်ကဲ့ပါ။ အဲ့လိုဖန်တီးတဲ့နေရာမှာရော လက်ရှိ Version ထွက်လာဖို့ကို အချိန်ဘယ်လောက်လောက်ယူခဲ့ရလဲမသိဘူးခင်ဗျ?


ဖြေ : အချိန်ကတော့ ၁ လဝန်းကျင်လောက်ယူခဲ့ရတယ်ဆိုပေမယ့် တစ်ကယ်တမ်း သေသေချာချာ Focus လုပ်ပြီး ရေးရင်တော့ အဲ့လောက်ကြာမှာမဟုတ်ပါဘူး။ ဒီအချိန်အတွင်းမှာက သတိကပ်ပြီးနေနေရတာကြောင့် ရသလောက်လေးရေးလိုက် ခဏပစ်ထားလိုက်ရနဲ့လုပ်ရတာမျိုးတွေ၊ တစ်ယောက်ကပြီးပေမယ့် နောက်တစ်ယောက်ကမအားသေးလို့ ပြန်စောင့်ရတာမျိုးလေးတွေရှိနေတာကြောင့်သာ ၁လ လောက်ကြာခဲ့တာပါ။

---------------------------------------


မေး : ဟုတ်ကဲ့ဗျ။ အခုထွက်လာတဲ့အခါမှာဆိုရင် နောက်ဆုံးတန်းက ပလာတာလှည်းတို့၊ Air Support လေယာဉ်တို့၊ Ball Bomb တို့ကို ကစားသူတွေတော်တော်လေးကြိုက်ကြတာတွေ့တယ်ဗျ၊ အဲ့ဟာတွေအတွက်ရော ဘယ်လို Idea ရခဲ့လဲမသိဘူး?


ဖြေ : ကျွန်တော်တို့ ဒီ Game Design ကိုစဉ်းစားတဲ့အခါမှာ Gameplay Foundation က နာမည်ကြီးပြီးသား Game တစ်ခုကိုမှီပြီးချနေတာဖြစ်တဲ့အတွက် Influence တွေအရမ်းများပြီးတော့ Copy & Paste လုပ်ထားသလိုမဖြစ်အောင်၊ Innovative ဖြစ်မယ့် Idea တွေ၊ Gameplay တွေ၊ ပြီးတော့လက်ရှိအခြေအနေတွေကို ထင်ဟပ်စေမယ့်ဟာမျိုးလေးတွေကျွန်တော်တို့ စဉ်းစားရင်းနဲ့ ဒီ နိုင်ငံတကာရဲ့အကူအညီကိုစောင့်နေပေမယ့် စာတွေပဲထုတ်နေတာမျိုးကိုထင်ဟပ်အောင် Air Support လိုမျိုးလေးတွေ Design ချခဲ့ကြတာပါ။ သုံးလို့ရတယ်၊ မလာဘူးလားဆိုတော့လာတယ်၊ ဒါပေမယ့် Gameplay မှာဘာမှ သက်ရောက်မှုမရှိပဲ ဘာမှသုံးမရပဲ ပြန်ထွက်သွားတာမျိုးပေါ့။

---------------------------------------

မေး : အခု Game ကို PC နဲ့ Android အတွက်ထုတ်ထားတာတွေ့ရတယ်ဗျ၊ ဘာလို့ iOS အတွက်မပါတာလဲ? ပြီးတော့အဲ့လိုထုတ်တဲ့နေရာမှာ ဘာလို့ Playstore လိုမျိုး Official Store ပေါ်မှာမတင်သေးပဲ Itch.io လိုမျိုး Indie Game Website မှာတင်ထားရတဲ့ အကြောင်းလေးရှင်းပြပေးပါလား?


ဖြေ : Game ကိုစပြီးတော့ ဦးတည်ပြီးထုတ်တာတော့ Android ပေါ့။ နောက်ပိုင်းပြန်ကြည့်တော့ Gameplay က Point and Click ပဲသုံးထားတာဆိုတော့ PC အတွက်ဆိုရင်လဲ ဘာမှပြောင်းစရာမလိုဘူးဆိုပြီး PC version လဲဆက်ထုတ်ဖြစ်သွားတာပါ။ iOS ကတော့ အစ်ကိုလဲသိတဲ့အတိုင်းပဲ Appstore ကပဲတစ်ဆင့်ထုတ်လို့ရတာဆိုတော့ Android လောက် Flexible မဖြစ်ဘူး။ Game ကနောက်ပိုင်း ပုံမှန်ဝင်ငွေနဲ့လည်ပတ်နေတဲ့အခါမျိုးဆိုရင်တော့ တစ်မျိုးပေါ့နော်၊ လောလောဆယ်ကတော့ ကျွန်တော်တို့ ဖော်ပြချင်တဲ့ Message ကိုပဲရအောင်ပေးချင်တာဖြစ်တဲ့အတွက် ဒီ Platform ၂ခုပဲအဆင်ပြေလို့ ထုတ်လိုက်တာပါ။ Itch.io မှာတင်ရတဲ့အကြောင်းကတော့ Playstore ပေါ်တင်ဖို့ဆိုရင် ကျွန်တော်တို့က နိုင်ငံရေးအခြေအနေတစ်ခုအပေါ် မှုတည်ထားတဲ့ Game လဲဖြစ်သလို BallBomb တို့လိုဟာမျိုးကြတော့ Playstore ဘက်က ပြသနာရှာနိုင်တယ်ပေါ့နော်။ အဓိကကတော့ ကျွန်တော်တို့က လုပ်ချင်တာပဲသိတယ်၊ Privacy ပိုင်း Policy ပိုင်းတွေ သေချာလိုက်စီစစ်ပြီး လုပ်ဖို့မဟုတ်ပဲနဲ့ ကျွန်တော်တို့ ပေးချင်တဲ့ Message ကိုရအောင်ပေးဖို့ပဲ ခေါင်းထဲရှိတာကြောင့်မို့လို့ Itch.io မှာပဲတင်ဖြစ်ခဲ့တာပါ။

---------------------------------------

မေး : ဟုတ်ကဲ့ပါဗျ။ နောက်ထပ် Update အတွက်ကိုရော ဘယ်တော့လောက်ထွက်မယ် ခန့်မှန်းလို့ရမလဲ၊ ပြီးတော့ ဘာတွေများအသစ်ပါမလဲ နည်းနည်း ပြောလို့ရရင် ပြောပေးပါအုံး။


ဖြေ : နောက် Update ကတော့ ဒီလကုန်လောက်ထွက်ဖို့ကြိုးစားနေပါတယ်၊ ဘာတွေပါမလဲဆိုတော့ ကစားနေရင်းနဲ့ ကိုယ့်ဘက်အသာစီးရအောင် သုံးနိုင်မယ့် Power Up တွေပါလာမယ်၊ Defender ဘက်မှာလဲ မီးပုလင်းပစ်တဲ့သူလိုမျိုး Defender အသစ်တွေပါလာမယ်။ ဘာထူးခြားသွားလဲဆိုတော့ ပုံမှန်လို ပစ်ပြီး Damage ထိပြီး ပြီးသွားတာမဟုတ်ပဲနဲ့ မီးစတွေကလမ်းပေါ်မှာကျန်နေတာမို့လို့ တက်နင်းတဲ့ Enemy တိုင်း Damage Over Time ဆက်ထိနေတာမျိုးပေါ့။ တခြား Defender အသစ်တွေလဲပါပါသေးတယ်။ Enemy ဘက်မှာဆိုလဲ Defender တွေရဲ့နောက်တန်းကိုပဲ ချိန်ပြီးတိုက်ခိုက်တဲ့ Sniper လိုမျိုး Enemy နဲ့နောက် Enemy အသစ်တွေလဲ ပါဝင်မှာပါ။ အဓိက ကစားသူတွေကိုပြောချင်တာကတော့ ကျွန်တော်တို့က Professional Developer တွေမဟုတ်တာကတစ်ကြောင်း၊ လက်ရှိကာလမှာ လွတ်လွတ်လပ်လပ် အချိန်ပေးပြီးမလုပ်နိုင်ကြတာရယ်ကတစ်ကြောင်းမို့လို့ Update တွေက Major update ကြီးတွေအနေနဲ့ အများကြီးပါတာမျိုးတွေမဟုတ်ပဲ တစ်ဖြေးဖြေးပဲသွားနိုင်မှာမို့လို့ စိတ်ရှည်ရှည်နဲ့ ဆက်အားပေးဖို့ တောင်းဆိုချင်ပါတယ်။ နောက်ပြီးတော့ Itch.io မှာ Donate လို့လဲရသလို Free လဲ Down လို့ရအောင် ကျွန်တော်တို့လုပ်ထားတယ်ပေါ့နော်။ ဒါပေမယ့် Donate ဖို့က Visa, Paypal တို့လို Payment တွေအဆင်မပြေသူတွေက ကျွန်တော်တို့ကို Wavemoney တို့ Kpay တို့နဲ့လက်ခံဖို့ ပြောကြပေမယ့် Team member တွေရဲ့ လုံခြုံရေးကြောင့်မို့ ကျွန်တော်တို့ လက်မခံနိုင်တာကိုလဲ နားလည်ပေးစေချင်ပါတယ်။ ဒီ Update မှာတော့ ကျွန်တော်တို့ PowerUp တွေဝယ်ဖို့ Currency ထည့်ရတော့မယ်ဆိုတော့ ဒီ Currency ကို ပိုရအောင် / Free ရအောင် Ads(ကြေငြာ Video) ကြည့်တဲ့ Function လေးတော့ ထည့်ဖို့ကြိုးစားနေပါတယ်။ လုံးဝမကြည့်မနေရထိုးပြတာမျိုးမဟုတ်ပဲ ရတဲ့ Currency ရဲ့ 2 ဆလိုချင်ရင် Ads ကြည့်လို့ရတာမျိုး၊ ရွေးချယ်စရာပေးထားမှာပါ။

---------------------------------------


ဟုတ်ကဲ့ပါ... အခုလိုအချိန်ပေးပြီးဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျ!


ဒါကတော့ Z Revolution game ရဲ့ Developer တွေနဲ့မေးမြန်းခဲ့တဲ့ Interview လေးပဲဖြစ်ပါတယ်။ Z Revolution game ကိုအခု Itch.io မှာ "ကြိုက်သလောက်ဈေးသတ်မှတ်" စနစ်နဲ့ Download ရယူနိုင်တာကြောင့် Donate ချင်ရင်လဲ Donate လို့ရသလို Free လဲ Download ရယူနိုင်ပါတယ်။


Download link : https://zrevolution.itch.io/zrevolutionthegame

Z Revolution Facebook : https://www.facebook.com/ZRevolutionTheGame



Comments

Post a Comment

Popular posts from this blog

ဘယ် Mobile Game တွေက Chill လို့ကောင်းလဲ?

Mobile ပေါ်ရောက်လာပြီဖြစ်တဲ့ Albion Online

တော်လှန်ရေးသူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ - နွေဦးတော်လှန်ရေး Game အသစ်