Windows 11 မှာ Android App တွေကိုတိုက်ရိုက်သုံးလို့ရတော့မယ်

မနေ့က Windows 11 Launch Event မှာ Microsoft ကသူတို့ရဲ့ OS အသစ် Windows 11 ကိုချပြကြေငြာခဲ့ပါတယ်။ အမြင်အသစ်တွေနဲ့ Feature အသစ်တွေအများကြီးပါဝင်တဲ့ထဲကမှ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုက Emulator ခံစရာမလိုပဲ Android App တွေကို Native အသုံးပြုလို့ရတော့မယ်ဆိုတာပါပဲ။ ဒီလိုအသုံးပြုရတဲ့နေရာမှာလဲ Android App တွေအတွက် Section သီးသန့်ခွဲထားတာမျိုးမဟုတ်ပဲ သွင်းထားပြီးပြီဆိုတာနဲ့ Microsoft Store က App တွေလိုပဲ Taskbar မှာရှာလိုက်တာနဲ့ပေါ်လာပြီး တိုက်ရိုက်အသုံးပြုလို့ရစေမှာပါ။ 


ဒီလိုအသုံးပြုနိုင်ဖို့အတွက် ဘယ်လိုတွေများဖန်တီးထားသလဲ? Keynote မှာ Panos Panay ပြောပုံအရ Microsoft က "Intel bridge technology" ကိုအသုံးပြုပြီး လုံးဝ "Seamless and Smooth" ဖြစ်နေဖို့လုပ်ဆောင်နေပါတယ်လို့ဆိုပါတယ်။ Intel Tech သုံးထားတယ်ဆိုလို့ Intel သုံးထားတဲ့ Device တွေကြီးသီးသန့်မှာပဲအလုပ်လုပ်မှာမဟုတ်ပဲ AMD အသုံးပြုတဲ့ System တွေမှာလဲ Android App တွေအလုပ်လုပ်စေမှာပါလို့ အတည်ပြုခဲ့ပါတယ်။ ရေတွက်မရနိုင်တဲ့ လူကြိုက်များ Android App တွေ၊ App အသစ်တွေကလဲနေ့စဉ်ထွက်ရှိနေတာကြောင့် Windows 11 OS က Touch-centric workflows ကိုအခြေခံတဲ့ Mobile app တွေကိုကြိုဆိုတဲ့ OS တစ်ခုဖြစ်လာတော့မှာပါ။


ဒါပေမယ့် Catch တစ်ခုတော့ရှိတယ်။ Android App တွေသုံးလို့ရတယ်ဆိုလို့ Android Device တွေမှာလို Apk လေးကောက်သွင်းလိုက်ပြီး Native သုံးလို့ရသွားပြီဆို လုပ်လို့ရတာတော့မဟုတ်ပါဘူး။ ဒီလိုဖြစ်လာဖို့အတွက်ကို Microsoft က Amazon နဲ့ပူးပေါင်းထားတာဖြစ်တဲ့အတွက် Android app တွေသုံးမယ်ဆိုရင် Microsoft store ထဲကနေပြီးတော့ Amazon App Store ကိုအရင်သွင်း၊ ပြီးတော့မှ Amazon App Store ထဲမှာရှိတဲ့ Android App တွေကို Download ဆွဲပြီး Native အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Amazon App store မှာလက်ရှိ Disney Plus, Netflix, pinterest, Minecraft, Roblox, Angry birds 2, Subway Sufers တို့အပါအဝင် App ပေါင်း 500,000 ကျော်ရှိတယ်ဆိုပေမယ့်လဲ App ပေါင်း 3.5 million ဝန်းကျင်ရှိတဲ့ Google playstore ကိုတော့မမှီဘူးပေါ့။


Windows 11 ကိုတော့လာမယ့် Holiday Season မှာထွက်မယ်လို့ပြောခဲ့ပြီးတော့ System Requirement ကိုက်ညီတဲ့ Windows 10 user တွေအတွက် Free upgrade အနေနဲ့ပေးသွားမှာဖြစ်ပါတယ်။ 


Minimal System Requirements :

Processor 1 gigahertz (GHz) or faster with 2 or more cores on a compatible 64-bit processor or System on a Chip (SoC)

Memory : 4 GB RAM

Storage : 64 GB or larger storage device

System firmware : UEFI, Secure Boot capable

TPM : Trusted Platform Module (TPM) version 2.0

Graphics card : DirectX 12 compatible graphics / WDDM 2.x

Display : >9” with HD Resolution (720p)

Internet connection : Microsoft account and internet connectivity required for setup for Windows 11 Home


ဒါမှမဟုတ်လဲ သူတို့ရဲ့ PC Health Check App ကို Download ဆွဲပြီးကိုယ့် System နဲ့ကိုက်လားမကိုက်လား စစ်လို့ရပါသေးတယ်

Comments

Popular posts from this blog

ဘယ် Mobile Game တွေက Chill လို့ကောင်းလဲ?

Mobile ပေါ်ရောက်လာပြီဖြစ်တဲ့ Albion Online

တော်လှန်ရေးသူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ - နွေဦးတော်လှန်ရေး Game အသစ်