Roblox တစ်ခုထဲကနေ တစ်ရက်ကို $1 million ဝန်းကျင်ရနေတဲ့ Apple


Social Gaming Platform တစ်ခုဖြစ်တဲ့ Roblox ဟာ Player တွေကိုယ်တိုင်ဖန်တီးလို့ရတဲ့ "Experience" တွေကို PC, Android, iOS, Amazon devices, Xbox စသည်ဖြင့် Platform စုံလင်စွာခံစားနိုင်တာကြောင့် လူကြိုက်များတဲ့ Game တစ်ခုပါ။ Graphic ပိုင်းအရတော့ ဒီနေ့ခေတ် Game တွေနဲ့ယှဉ်ရင် Cartoony ဆန်ဆန်၊ Lego လို Toy ဆန်ဆန် ဘက်ကိုသွားလို့ "ကလေးဂိမ်း" ဆိုပြီး Local မှာတော့ သိပ်မဆော့ချင်ကြသူတွေများပါတယ်။ ဒါပေမယ့် Roblox က iOS platform တစ်ခုထဲကနေပြီးတော့ တစ်ရက်ကို $3 million revenue ရှိနေတယ်ဆိုတဲ့အကြောင်း သိပါသလား?

သူ့အရှေ့မှာတော့ ဆရာကြီး Fortnite က in-app purchases သီးသန့်ကနေ ရက်၉၀ အတွင်းမှာ $100M ရှာနိုင်တဲ့ Free to Play Game တစ်ခုအနေနဲ့ရပ်တည်ခဲ့ပါတယ်။ Apple vs Epic Games Store ပြသနာတွေဖြစ်ပြီးလို့ Epic က Apple Store rule တွေချိုးဖောက်တယ်ဆိုပြီး Fortnite ကိုဖြုတ်ချလိုက်တဲ့အခါသူ့နေရာက လစ်ဟာပြီးကျန်နေခဲ့ပါတယ်။ ဒီနေရာကိုတော့ Roblox ကအခုကောင်းကောင်းဝင်ယူသွားနိုင်တယ်လို့ဆိုရမယ်ဗျ။

အခုဆို Roblox ကသိပ်မကြာခင်ကပဲ Stock Market မှာ Public လုပ်လိုက်ပြီဖြစ်ပြီး Revenue အရ $387 million ရှိကြောင်းပြောခဲ့ပါတယ်။ ဒီ Revenue ကတော့ Apple App Store, Android Playstore, Digital Retailer တွေ နဲ့ Robux ရောင်းတဲ့ Physical Outlet တွေအားလုံးပေါင်း Gross Revenue ဖြစ်ပါတယ်။ အခုဆို တရုတ် Mobile Gaming Market ထဲကိုခြေလှမ်းဖို့အတွက် Tencent နဲ့လဲပူးပေါင်းနေတယ်ဆိုပေမယ့် လက်ရှိ Mobile Version နဲ့မဆိုင်ပဲ သူ့ဟာသူတရုတ် Version သီးသန့်ခွဲသွားမှာပါ။

Image Source : Full Sail Labs
Roblox ရဲ့အလုပ်လုပ်ပုံက Player တွေက "Experiences" တွေကိုကိုယ်တိုက်စိတ်ကြိုက်ဖန်တီးနိုင်သလို သူတို့ရဲ့ ဖန်တီးမှုတွေကနေလဲ ပိုက်ဆံပြန်ရှာနိုင်တယ်။ Roblox ကိုတော့ Percentage ပြန်ပေးရတာပေါ့။ ဘာလို့ Game တွေလို့မခေါ်ပဲ "Experiences" တွေလို့ပြောင်းခေါ်လဲဆိုတော့ Apple နဲ့ Epic Games Store တို့ပြသနာတက်နေချိန်မှာ Apple ကအသစ်ချတဲ့စည်းမျဉ်းတွေနဲ့လွတ်အောင်လို့ ကွေ့ပတ်ပြီးလုပ်လိုက်တဲ့သဘောဆိုပေမယ့် Apple ကလဲသူ့ကို တစ်ရက် $1 million ရှာပေးနေတဲ့ Roblox ကိုဘာမှမပြောပဲလွှတ်ပေးထားတဲ့သဘောရှိပါတယ်။ Roblox အနေနဲ့ Robux ဆိုတဲ့ Currency ကိုရောင်းတယ်၊ Player တွေအနေနဲ့အဲ့ Robux ကိုသုံးပြီးတော့ Skin တွေ in-game item တွေဝယ်တဲ့အပိုင်းဖြစ်ဖြစ်၊ Robux ပေးပြီးမှကစားရတဲ့ Experience တွေကိုဝင်ကစားဖို့ပဲဖြစ်ဖြစ်ပြန်အသုံးပြုကြပါတယ်။ အဲ့လိုရိုးရှင်းတဲ့ Revenue Model ကပဲ 2021 အတွင်းမှာ Player တွေကို အခြား Mobile game တွေထက် ပိုက်ဆံပိုပြီးသုံးစေခဲ့ပါတယ်။ အခုနှစ်ဝက်၊ June မှာဆိုရင် Appstore က Top Grossing iPhone game တွေမှာ Roblox က တစ်ရက်ကို $3 million နဲ့ထိပ်ဆုံးကပါလာခဲ့တယ်။ Apple ကို 30% ပြန်ပေးရတာဖြစ်တဲ့အတွက် Apple က $1 million ဝန်းကျင် နေ့စဉ်ရနေတာဖြစ်ပါတယ်။ 

Image Source : Finbold
သူ့အနောက်မှာဆိုရင် Clash of Clans က $1.8 million နဲ့ဒုတိယနေရာ၊ Candy Crush Saga က $1.4 million နဲ့ တတိယနေရာလိုက်နေကြတာဖြစ်ပါတယ်။

Comments

Popular posts from this blog

ဘယ် Mobile Game တွေက Chill လို့ကောင်းလဲ?

Mobile ပေါ်ရောက်လာပြီဖြစ်တဲ့ Albion Online

တော်လှန်ရေးသူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ - နွေဦးတော်လှန်ရေး Game အသစ်