တစ်ယောက်ထဲအေးဆေး Chill လို့ကောင်းတဲ့ Mobile Game 6 ခု

အခုကာလအတွင်းမှာ လူကြီးလူငယ်မရွေး Stress, Anxiety တွေနဲ့ အနည်းနဲ့အများရင်ဆိုင်နေကြရပါတယ်။ အဲ့လိုဖြစ်နေတဲ့ကြားကမှ စိတ်ပြေလက်ပျောက် Mobile game ကစားဖို့ပြင်လိုက်တဲ့အခါ Boycott လုပ်ထားတဲ့ Game တွေကိုရှောင်ရတာနဲ့၊ Multiplayer Online game တွေမှာ အနိုင်မရလို့လောင်ရတာတွေ၊ လိုင်းမကောင်းလို့ ရှုံးသွားရတာတွေ စတာတွေကြောင့်ပိုပြီး Stress များစေနိုင်ပါတယ်။ ဒီနေ့ Blog လေးမှာတော့ ကျွန်တော်လက်ရှိ စိတ်အပန်းဖြေဖို့ ကစားဖြစ်နေတဲ့ Mobile Game 6 ခုကိုမျှဝေပေးသွားမှာပါ။ ဒီ Game တွေအကုန်လုံးက Single Player လဲဖြစ်သလို သူ့ရဲ့ Gameplay style, Graphic တွေက စိတ်အေးချမ်းစေတဲ့အပြင် ကစားနေရင်းနဲ့ လေ့လာဖို့အတွက်တောင် အထောက်အကူဖြစ်စေပါသေးတယ်။ ဘာ Game တွေလဲဆိုတာ ကြည့်လိုက်ကြရအောင်!

FisherCat

နာမည်ကအတိုင်းပဲ တံငါသည်ကြောင် လေးတွေပေါ့။ ကျွန်းပေါ်မှာ မြောင်တို့တစ်သိုက်က ငါးမြှားပြီးအေးအေးချမ်းချမ်းနေကြတယ်။ သူ့ Gameplay ကရေအောက်ထဲကို မြောင်က Oxygen တပ်ပြီးရေငုပ်ပြီးတော့ ငါးတွေကို Harpoon သေနက်နဲ့လိုက်ပစ်ပြီးတော့ဖမ်းရတာ။ ရေအောက်ထဲမှာနေတာကြာရင် Oxygen တစ်ဖြေးဖြေးလျော့သလို Harpoon သေနက်နဲ့ပစ်ရင်လဲ Oxygen လျော့တာဖြစ်တဲ့အတွက် Strategy တော့နည်းနည်းပါတာပေါ့။ ငါးမြှားရတဲ့ Region လေးတွေလဲခွဲပေးထားသလို Region တစ်ခုနဲ့တစ်ခုမှာလဲတွေ့ရတဲ့ငါးတွေမတူဘူး။ Region အသစ်တွေကိုသွားဖို့အတွက်လဲ လှေကို Upgrade လုပ်ရတာ၊ Harpoon တွေမှာဆိုလဲ ရိုးရိုး Harpoon, တစ်ခါပစ်ရင် ၃ခုထွက်တဲ့ Harpoon, ဝေးဝေးရောက်ပြီးတိကျတဲ့ Sniper Harpoon အဲ့တာတွေအပါအဝင်တခြား Harpoon အမျိုးအစားတွေလဲကွဲသလို တစ်ခုခြင်းကိုလဲ Upgrade လုပ်လို့ရပါတယ်။ ငါးတွေတစ်နေရာထဲစုသွားအောင် ငါးစာပစ်တာ၊ ပိုက်ကွန်နဲ့အများကြီးဖမ်းတာ၊ ဖမ်းရခက်တဲ့ငါးတွေကို Shock Bomb ပစ်ပြီးမှဖမ်းတာ အစရှိသဖြင့် Powerup လေးတွေလဲပါပါတယ်။ 

Idle gameplay ပုံစံမျိုးအနေနဲ့ ငါးပြတိုက်မှာ ငါးတွေဝယ်၊ Decoration တွေဝယ်ထည့်ပြီး အပျင်းပြေကိုယ်ဝယ်ထားတဲ့ငါးလေးတွေကို ထိုင်ကြည့်နေလို့လဲရသေးတယ်။ အပေါ်ယံကစားကြည့်လိုက်ရင်တော့ Gameplay သိပ်မပါသလိုခံစားရပေမယ့် တစ်ကယ်တမ်းကစားလို့ကောင်းတဲ့ Game တစ်ခုပါ။

Android : https://bit.ly/35hCJBy

iOS : https://apple.co/3wikZlH


Guitar Girl

ဒီ Game လေးကတော့ Idle Clicker game လေး။ Guitar တီးရတာဝါသနာပါတဲ့ကျောင်းသူလေးက တစ်နေ့မှာသူ့သူငယ်ချင်းအကြံပေးတဲ့အတိုင်း Live လွှင့်ပြီးတော့ သာယာတဲ့သံစဉ်လေးတွေကို Guitar နဲ့တီးပြီးဖျော်ဖြေခဲ့ပါတယ်။ Gameplay ကတော့ပုံမှန် Idle Clicker game တွေရဲ့ပုံစံအတိုင်းပဲ ထိုင်ပြီး Tap လုပ်ပေးနေရုံနဲ့ ရလာတဲ့ Currency (ဒီမှာတော့ Heart လေးတွေပေါ့) နဲ့ကောင်မလေးကိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Follower တွေကိုပြဖြစ်ဖြစ်၊ လက်ရှိသီချင်းတွေကို Upgrade တင် / သီချင်းအသစ်ဝယ်ဖို့ပဲဖြစ်ဖြစ် စသည်ဖြင့် Upgrade လုပ်ဖို့ပြန်သုံးရမှာပါ။ သူ့မှာပါတဲ့သီချင်းလေးတွေကလဲ သာသာယာယာနဲ့ Chill လုပ်လို့ကောင်းတဲ့သီချင်းလေးတွေဖြစ်တဲ့အတွက် အလုပ်တစ်ခုခုလုပ်နေရင်းနဲ့ ဖုန်းကို Attention အပြည့်ပေးနေစရာမလိုတဲ့ Game မျိုး ဘေးနားမှာဖွင့်ပြီးချထားချင်တဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။ 

Story ပိုင်းအရလဲ သူ့ရဲ့ Follower တွေနဲ့စကားပြောရတာလေးတွေကို Text Message ပို့တဲ့ပုံစံမျိုးလေးထည့်ပေးထားတာကြောင့် ပါဝင်တဲ့ Character တွေကိုပိုပြီးအသက်ဝင်စေပါတယ်။ Cosmetic ပိုင်းအရလဲ ကောင်မလေးရဲ့ Skin / အခန်းအပြင်အဆင် စသည်ဖြင့် Upgrade လုပ်နိုင်တာကြောင့် ဖုန်းကိုတောက်လျှောက်ထိုင်ကြည့်မနေပဲ အေးအေးဆေးဆေးကစားချင်ရင်တော့ စမ်းကစားကြည့်ဖို့ တိုက်တွန်းပါတယ်!

Android : https://bit.ly/3giDYGY

iOS : https://apple.co/3viP3Mu


Magic Story

Magic Story ကတော့နာမည်ကအတိုင်းပဲ Story game လေး၊ ဒါပေမယ့်သူက Visual Novel ဆန်ဆန် Story game မဟုတ်ပဲနဲ့ RPG ပုံစံမျိုးလေးပေါင်းစပ်ထားတဲ့ Game လေးပါ။ Player ကကြတော့ Voltar ဆိုတဲ့မှော်ဆရာငယ်လေးတစ်ယောက်ရဲ့ အကြံပေးပုံစံမျိုးပါဝင်ရတာဖြစ်တဲ့အတွက် ကစားသူကိုကြတော့ Character တစ်ယောက်သီးသန့်မပေးပဲ ကစားသူအနေနဲ့ပဲပါဝင်ရတဲ့သဘောပေါ့။ ဇာတ်လမ်းကိုလဲ Text Message ပို့တဲ့ပုံစံမျိုးလေးတွေနဲ့ဖတ်ရပြီးတော့ ဆုံးဖြတ်ရတဲ့နေရာတွေမှာလဲ ကိုယ့်ရွေးချယ်မှုအပေါ်မှုတည်ပြီးဇာတ်လမ်းက ပြောင်းလဲသွားမှာပါ။ ပုံမှန်အားဖြင့်တော့ ဇာတ်လမ်းပဲထိုင်ဖတ်လိုက် ဆုံးဖြတ်ချက်ချလိုက်ဆို အချိန်တစ်ခုကြာရင် Player တွေကပျင်းသွားတက်တယ်။ ဒါပေမယ့်ဒီ Game မှာတော့ ဇာတ်လမ်းအရအခက်အခဲတစ်ခုခုကိုကျော်ဖြတ်ရဖို့ပဲဖြစ်ဖြစ်၊ ရန်သူနဲ့တိုက်ရဖို့ပဲဖြစ်ဖြစ် အခြေအနေတစ်ခုကြုံလာပြီဆိုရင် Minigame လေးတွေပါထည့်ကစားရပါတယ်။ 

အဲ့အပြင်ကိုပဲ RPG ဆန်ဆန်ပဲ Volter ဝတ်ဖို့အတွက်  Equipment တွေထည့်ပေးရတာ၊ Skill တွေတင်ပေးရတာမျိုးတွေလဲပါလို့ ဇာတ်လမ်းရော Gameplay ရောစိတ်ဝင်စားဖို့ကောင်းတဲ့ Game လေးတစ်ခုပါ။

Android : https://bit.ly/3vh8vtc

iOS : https://apple.co/3wcI09z


My Cafe


ကော်ဖီဆိုင်ဖွင့်ရတဲ့ Game လေးပေါ့။ ဆိုင်ဖွင့်ရတဲ့ Game လို့ပြောလိုက်တာနဲ့ Player တွေပြေးမြင်မိတာက Diner Dash လိုစားပွဲထိုးရတဲ့ Game ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် Cooking Fever လို Customer တွေမှာတဲ့အစားအစာတွေကို ချက်ပြုတ်ပေးရတဲ့ Game ပုံစံမျိုးပြေးမြင်မိကြမှာပါ။ တစ်ကယ်တမ်းလဲ စားသောက်ဆိုင်နဲ့ပတ်သက်ရင် ဒီလို Gameplay တွေကပဲခေတ်စားတာကို... ဒါပေမယ့်အခု Game လေးကတော့ အဲ့လို Gameplay တွေလိုလက်မြန်မြန်နဲ့ အလောတကြီးကစားရတာမဟုတ်ပဲနဲ့ အေးဆေး Chill တစ်လိုင်းကစားရမှာပါ။ Player တွေကဆိုင်ကို ခုံနေရာချတာတွေ၊ Decoration ဘယ်လိုထားမလဲ စသည်ဖြင့် Manage လုပ်ရတယ်။ Customer တွေလာပြီဆိုရင်လဲ Order တွေကိုကိုယ်တိုင်လုပ်ပေးလဲရသလို AI ကလဲသူ့ဟာသူ လုပ်ပေးပါတယ်။ Gameplay ကကြတော့ Cafe ဆိုင်မှာအလုပ်လုပ်ရတဲ့ Owner တစ်ယောက်ရဲ့ Simulation လို့ပြောရမှာပေါ့။ လာတဲ့ Customer တွေနဲ့စကားတွေပြောပြီး ရင်းနှီးမှုယူရတယ်။ Customer တွေက ဆိုင်ကိုဘာလေးထည့်လိုက်ရင် ပိုကောင်းသွားလိမ့်မယ်၊ ဘာ Menu လေးထည့်ပေးရင်တော့ ဝယ်စားဖြစ်မယ် စသည်ဖြင့် အကြံပေးကြတယ်၊ အဲ့အကြံပေးတာတွေကိုကိုယ်ကလုပ်ပေးရင်လဲ ဆုပြန်ရတယ်ပေါ့နော်။ 

အဲ့လိုအကြံပေးတာတွေပဲမဟုတ်ပဲ စကားပြောရင်းနဲ့ ဒီ Customer တွေအကြောင်းပိုသိလာရပြီး တစ်ခါတစ်လေ တခြား Customer တွေအကြောင်းပါအတင်းတွေပြော စသည်ဖြင့် အေးဆေးကစားရတာဖြစ်လို့ English Conversation လေ့လာလိုသူတွေအတွက်လဲ အထောက်အကူဖြစ်စေမှာပါ။ Menu တွေမှာဆိုလဲ ကိုယ်ဝယ်ထားတဲ့ Item တွေတစ်ခုနဲ့တစ်ခုကို ကိုယ်ကိုယ်တိုင်ပဲ ပေါင်းစပ်ပြီး Menu အသစ်ဖန်တီးရတာပါ။ ဥပမာ Expresso နှစ်ခုပေါင်းရင် Double Expresso, Expresso နဲ့ Milk နဲ့ပေါင်းရင် Expresso Macchiato, Tea နဲ့ Milk နဲ့ပေါင်းရဲ့ English Tea, စသည်ဖြင့် Recipe တွေကိုကိုယ်တိုင်လိုက်ပေါင်းစပ်ရတာဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့လဲကောင်းပါတယ်။

Android : https://bit.ly/3iB7hGl

iOS : https://apple.co/3vgFpKC


Fancade

Fancade ဆိုတာကတော့ Fan နဲ့ Arcade ပေါင်းထားတဲ့စကားလုံးပုံစံမျိုးလေးဖြစ်သလိုပဲ Gameplay တွေကလဲ Arcade ဆန်ဆန် Game လေးတွေတွေ့မြင်ရမှာပါ။ သူ့မှာတော့ Gameplay တစ်မျိုးထဲမဟုတ်ပဲ Game စက်ထဲကို Game card လေးတွေပြောင်းပြီးတော့ ကစားရတဲ့ပုံစံမျိုး မတူတဲ့ Gameplay တွေအများကြီးပါဝင်တာတွေ့ရမှာပါ။ Game ဘက်ကဖန်တီးပေးထားတဲ့ Gameplay တွေကို Roadmap ပုံစံမျိုးချပေးထားတာကိုလဲကစားလို့ရသလို စိတ်ဝင်စားဖို့ကောင်းတာက Player တွေကိုယ်တိုင်လဲ Game တွေဖန်တီးလိုရပါတယ်။ Art တွေ၊ Object တွေကို Game ထဲမှာဖန်တီးပေးပြီးသားဖြစ်တာကြောင့် ယူသုံးရုံပဲဖြစ်ပြီးတော့ Coding အပိုင်းအတွက်ကိုလဲ Code ရေးစရာမလိုပဲ Block တုံးလေးတွေနဲ့ Logic ဖန်တီးလို့ရတာဖြစ်တဲ့အတွက် Game ဖန်တီးရတာ ဝါသနာပါသူတွေအတွက် အထောက်အကူဖြစ်စေမှာပါ။ 

ကိုယ်ဖန်တီးထားတဲ့ Game တွေကိုတော့ Apk အနေနဲ့ Export ထုတ်လို့ရတာမျိုးမဟုတ်ပဲ Fancade ထဲမှာပဲကစားလို့ရစေမှာဆိုပေမယ့်လဲ သူ့ရဲ့ ရိုးရှင်းပြီးချစ်စရာကောင်းတဲ့ Graphic လေးတွေရယ် ဖန်တီးရတာလွယ်ကူတဲ့ Editor တွေကြောင့် ကိုယ့် Creation တွေကိုအကောင်အထည်လဲဖော်လို့ရသလို အခြား Player တွေရဲ့ Creation တွေကိုလဲ လေ့လာလို့ရစေမယ့် Game လေးတစ်ခုပါ။

Android : https://bit.ly/2RLSgXh

iOS : https://apple.co/35refWZ


Antistress

ဒီတစ်ခုကတော့ Game ဆိုတာထက်ကို Simulation လို့ပဲပြောရမယ်ထင်တယ်။ အမြဲတမ်းလက်အငြိမ်မနေတက်တဲ့ကျွန်တော့်လိုလူမျိုးအတွက်တော့ တစ်ကယ်အံကိုက်ပဲ။ ဒီထဲမှာက လုပ်လို့ရတဲ့ mini-activity လေးတွေအများကြီးပါပြီးတော့ တစ်ခုနဲ့တစ်ခုကလဲလုံးဝမတူဘူး။ ခလုပ်တစ်ခုကိုအဖွင့်အပိတ်လုပ်ပြီး လက်ကမြင်းနေရတာကြိုက်လား၊ Whiteboard ပေါ်မှာမြေဖြူနဲ့လျှောက်ခြစ်ရတာကြိုက်လား၊ သဘာဝအသံတွေကို အဖွင့်အပိတ်၊ အတိုးအချဲ့လုပ်ပြီး နားထောင်ရတာကြိုက်လား၊ တရားထိုင်ဖို့/စိတ်ငြိမ်အောင်လုပ်ဖို့ပဲသုံးမလား၊ နောက်ဆုံး သန့်ရှင်းရေးပဲလုပ်မလား စသည်ဖြ့င့် Activites လေးတွေအများကြီးပေါင်းစပ်ထားတာဖြစ်လို့ အပျင်းလဲပြေ၊ စိတ်အပန်းလဲပြေစေမှာ အမှန်ပါ။ တစ်ခုခြင်းလိုက်ရေးနေရင်ပြီးတော့မှာမဟုတ်လို့ ကိုယ်တိုင်ပဲ Down ပြီးတော့ မွှေကြည့်ဖို့တိုက်တွန်းပါတယ်။



ဒီ Blog လေးထဲမှာပါတဲ့ Game တွေကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ့်သူငယ်ချင်းတွေကို Share ပေးခဲ့ဖို့လဲမမေ့နဲ့နော်။ Blog နဲ့ Facebook page လေးကိုလဲ Follow လုပ်သွားနိုင်ပါတယ်။

Comments

Popular posts from this blog

ဘယ် Mobile Game တွေက Chill လို့ကောင်းလဲ?

Mobile ပေါ်ရောက်လာပြီဖြစ်တဲ့ Albion Online

တော်လှန်ရေးသူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ - နွေဦးတော်လှန်ရေး Game အသစ်