The Wolf Among Us ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ World

 


The Wolf Among Us ဆိုတာကတော့ 2013 ကထွက်ခဲ့တဲ့ Telltale Games ရဲ့ Masterpiece တွေထဲကတစ်ခုလို့ပြောလို့ရပါတယ်။ Telltale Games ဆိုတာကတော့ The Walking Dead, Guardians of The Galaxy, Minecraft Storymode, Batman... အစရှိတဲ့ Narrative Story Game တွေကိုဖန်တီးခဲ့တဲ့ Studio တစ်ခုပါ။ Telltale Games က Mainstream game တွေမထုတ်ခင်မှာ လူသိပ်မသိလိုက်တဲ့ Game တွေဖန်တီးနေခဲ့တဲ့ Studio တစ်ခုဖြစ်ပြီးတော့ အခုနောက်ပိုင်းသိပ်မတွေ့ရတော့တဲ့ Point & Click Story Adventure Game အမျိုးအစားကို မပျောက်ကွယ်သွားအောင် ဖန်တီးချင်တဲ့ Studio တစ်ခုပါ။ The Wolf Among Us ထွက်ပြီးတော့ ဇာတ်သိမ်းပိုင်းမှာ Player တွေရဲ့စိတ်ကို ကောင်းကောင်းဖမ်းစားထားနိုင်ခဲ့တာကြောင့် The Wolf Among Us 2 ထုတ်ပေးဖို့တောင်းဆိုနေခဲ့ကြတာတော့ကြာပါပြီ။ ဒါပေမယ့်လဲ 2018 မှာ Telltale Games က Management ပိုင်းပြသနာတွေကြောင့် Studio ကိုပိတ်ဖို့အကြောင်းဖန်ခဲ့ပါတယ်။ ဒါပေမယ့်မဲ့ LCG Entertainment ကဝယ်ယူလိုက်ပြီးတော့ Studio ကို Telltale Games နာမည်နဲ့ပဲပြန်ပြီး Relaunch လုပ်ပေးခဲ့တာကြောင့် Studio ကတော့အသက်ဆက်ရှင်နေပေမယ့် The Walking Dead, Stranger Things တို့လို License တွေကတော့ သူတို့ရဲ့ Owner တွေစီပြန်ပေးလိုက်ရပါတယ်။ Studio အသစ်အနေနဲ့ Batman : The Telltale Series ကို Edition အသစ်အနေနဲ့ပြန် Release လုပ်ခဲ့ပြီးတော့ The Wolf Among Us 2 ကိုလဲ The Game Awards 2019 မှာ Trailer ချပြခဲ့ပါတယ်။ ဒီ Blog လေးမှာတော့ The Wolf Among Us ကမ္ဘာရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေကိုအတက်နိုင်ဆုံး Spoiler နည်းနည်းနဲ့ ရှင်းပြသွားမှာပါ။


The Wolf Among Us ဆိုတာကတော့ DC Vertigo ရဲ့ Fables Comic ကိုအခြေခံပြီးဖန်တီးထားတဲ့ Game တစ်ခုပါ။ ကျွန်တော်တို့က Cinderella, Snow White, Little Red Riding Hood, Beauty and the Beast အစရှိတဲ့ ပုံပြင်တွေကိုပြောလိုက်တာနဲ့ Disney ကိုပြေးမြင်မိကြပါတယ်။ Disney ကလဲတော်တော်များများပုံပြင်တွေကို နာမည်ကြီး Animation Movie တွေအဖြစ် အသက်သွင်းထားတာကို... အခုနောက်ပိုင်းမှာ Superhero တွေဆိုလဲ Marvel, DC တို့လို Hero ဆန်ဆန်ရိုက်တာမျိုးမဟုတ်ပဲ တစ်ကယ့်လက်တွေ့ဘဝမှာဆိုရင် ဘယ်လိုနေမလဲဆိုပြီးတော့ The Boys တို့ Invincible တို့လိုဇာတ်လမ်းတွေထွက်လာကြတာ သတိထားမိကြမှာပါ။ Fables Comic ကလဲအဲ့လိုပါပဲ။ ဒီပုံပြင်တွေထဲက နာမည်ကြီး ဇာတ်ကောင်တွေက တစ်ကယ့်လက်တွေ့ဘဝမှာသာ ရှင်သန်နေထိုင်ရမယ်ဆိုရင်ဘယ်လိုများနေမလဲဆိုပြီး ဖန်တီးထားတဲ့ World လို့ပြောလို့ရပါတယ်။ Fables Comic ကို DC ကပိုင်တဲ့ Vertigo က 2002 မှာစထုတ်ခဲ့ပြီး 2015 မှာအဆုံးသတ်ခဲ့ပါတယ်။ The Wolf Among Us ကတော့ Fables ထက်စောတဲ့ 1986 မှာနေရာယူထားပါတယ်။


Fabletown နဲ့ The Farm



ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ အားလုံးပေါင်းပြီးတည်ရှိတဲ့ Homelands ဆိုတဲ့နေရာက တစ်နေရာနဲ့တစ်နေရာကို Magical Gate တွေနဲ့ဆက်သွယ်ထားပါတယ်။ Homelands ကို The Adversary လို့ခေါ်တဲ့ ရန်သူကသိမ်းပိုက်လိုက်တဲ့ Exodus event ဖြစ်သွားပြီးနောက်မှာ ဒီ Homelands ထဲက Fables တွေကလူတွေရဲ့လောကထဲကို ပြောင်းရွှေ့နေထိုင်ရပါတော့တယ်။ Harry Potter ထဲမှာ Wizard/Witch မဟုတ်တဲ့ရိုးရိုးလူတွေကို Muggle တွေလို့ခေါ်သလိုပဲ သူတို့က Fable မဟုတ်တဲ့သာမန်လူတွေကို Mundy တွေလို့ခေါ်ကြတယ်။ Mundy လောကမှာလဲ ဒီ Fable တွေရဲ့အကြောင်းကိုပုံပြင်တွေအဖြစ် သူတို့ရဲ့ Version နဲ့ရေးထားပြီးသားတွေရှိပေမယ့် Fable တွေရဲ့လက်တွေ့ဇာတ်လမ်းတွေနဲ့တော့မတူကြပါဘူး။ Mundy တွေရဲ့လောကမှာ ဝင်နေတဲ့အခါ လူပုံစံရှိတဲ့ Fable တွေနေဖို့အတွက် Upstate NewYork မှာ Fabletown နဲ့လူပုံစံမပေါက်တဲ့ တိရိစ္ဆာန် Fable တွေနေဖို့အတွက် The Farm ဆိုပြီး ၂နေရာရှိပါတယ်။ The Farm က Fable တွေကတော့သူတို့နေရတဲ့နေရာကို အိမ်လို့မသတ်မှတ်ပဲ ထောင်လို့ပဲမြင်တာကြောင့် Fabletown မှာပဲလာနေချင်ကြတယ်။ ဒီ Fabletown ကိုအုပ်ချုပ်ဖို့အတွက် Woodland လို့ခေါ်တဲ့ Luxury Apartments မှာ Business Office ဖွင့်ထားတယ်။ ပိုက်ဆံတက်နိုင်ပြီး လူသားလို့သတ်မှတ်ခံရတဲ့ Fable တွေကတော့ အဲ့မှာနေနိုင်ကြပေမယ့် မတက်နိုင်တဲ့ Fable တွေကတော့ Mundy တွေကြားမှာရုန်းကန်ပြီး ရှာဖွေစားသောက်နေကြရတာပေါ့။ Fable တွေဒီမှာနေနေတာကို Mundy တွေမသိအောင်လို့ Witches တွေနဲ့ Sorcerers တွေဖွဲ့ထားတဲ့ တရားဝင်အဖွဲ့က Spell သုံးပြီးဖုံးအုပ်ပေးထားပါတယ်။ ဒီအဖွဲ့ကိုတော့ 13th Floor မှာထားတယ်။ Magic နဲ့ပတ်သက်ရင်သူတို့ကိုအကူအညီတောင်းနိုင်ပေမယ့် စရိတ်ကကြီးလို့ တော်ရုံ Fable တွေကတော့ မတက်နိုင်ကြဘူး။ လက်တွေ့ဘဝမှာလိုပဲ တရားဝင်အဖွဲ့အစည်းက Community ကောင်းဖို့၊ တိုးတက်ဖို့ဖွဲ့ထားတယ်ဆိုပေမယ့်လဲ စာရွက်စာတမ်းတွေနဲ့၊ ရုံးနဲ့ တစ်ကယ်လည်ပတ်နေရတဲ့အခါမှာ တစ်ကယ်လိုအပ်နေတဲ့ Fable တွေအတွက် အချိန်တွေကြန့်ကြာပြီး ထိထိရောက်ရောက်မကူညီနိုင်တော့တဲ့သဘောပေါ့။ အဲ့တော့ မတက်နိုင်တဲ့ Fable တွေကအသက်ရှင်နေနိုင်ဖို့အတွက် ဆေးအရောင်းအဝယ်လူသူတွေကလုပ်၊ လူမိုက်လုပ်သူတွေကလုပ်၊ ပြည့်တန်ဆာ လုပ်သူတွေကလုပ်နဲ့ ရုန်းကန်ကြရပါတော့တယ်။ လူမဟုတ်တဲ့ Fable တွေတောင်မှ ပုံစံပြောင်းဖို့အတွက် Glamour ဆိုတဲ့ Spell တွေကိုရတဲ့နေရာကဝယ်ပြီး လူပုံစံပြောင်းပြီးအလုပ်လုပ်ကြရပါတယ်...


Bigby Wolf


Bigby Wolf ကတော့ Player တွေကစားရတဲ့ Character ပါ။ Little Red Riding Hood ထဲက အဖွားယောင်ဆောင်ပြီး အိပ်ယာထဲမှာဝင်ပြီးစောင့်နေတဲ့ Wolf ကြီးပေါ့။ Homelands မှာနေစဉ်တုံးကတော့ Black Forest ကြီးထဲမှာ လူ၊ Goblin စစ်တပ်တွေကိုသတ်ဖြတ်စားသောက်ပြီး သောင်းကျန်းခဲ့ပေမယ့်လဲ Fabletown မှာတော့ Bigby က လူအနေနဲ့ပဲ ဒီမြို့ရဲ့ Sheriff တာဝန်ထမ်းဆောင်နေပါတယ်။ သူ့ရဲ့အရင်အကြောင်းတွေကိုသိနေတဲ့ Fable တွေကတော့ သူ့ကိုမယုံရဲပေမယ့် Bigby တစ်ယောက်ကတော့ သူပြောင်းလဲသွားပြီဆိုတဲ့အကြောင်းကို အလုပ်နဲ့ပဲသက်သေပြချင်တဲ့သူမျိုးပါ။ စိတ်ဝင်စားဖို့ကောင်းတာက Little Red Riding Hood ကိုကယ်ဖို့အတွက် Bigby ကို Axe ကြီးနဲ့၂ခြမ်းပိုင်းခဲ့တဲ့ သစ်ခုတ်သမားကြီးက တစ်ကယ်တော့ သူတို့မြေးအဖွားကို ဓားပြ တိုက်မလို့ချောင်းနေတာပါတဲ့။ ကောင်မလေးကိုစားတော့မယ့် ဝံပုလွေကိုသတ်လိုက်ရင် သူ့ကိုဆုပေးမယ်ထင်လို့သတ်လိုက်ပေမယ့် ဘာဆုမှမရလိုက်ပါဘူး။ 


Snow White

Snow White ကတော့ Fabletown ရဲ့  မြို့တော်ဝန် လက်ထောက်အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်။ Game တောက်လျှောက်မှာတော့ Bigby နဲ့အတူတူ တရင်းတနီး အလုပ်တွဲလုပ်ရတာကြောင့် ခဏခဏတွေ့ရမယ့် Main Character တစ်ယောက်အနေနဲ့ပါပါတယ်။ သူမက Prince Charming နဲ့ကွာရှင်းပြီးနောက်ပိုင်းမှာ Independent ဆန်ဆန်နေပြီးသူ့ရဲ့ Attitude ကြောင့် "Ice Queen" လို့တောင်ခေါ်ကြပါတယ်။ ရုံးပိုင်းဆိုင်ရာ တာဝန်ယူထားရတာကြောင့် စည်းမျဉ်းစည်းကမ်းတွေနဲ့ တင်းကြပ်တဲ့ပုံပေါ်ပေမယ့် ဇာတ်လမ်းတစ်လျှောက်မှာ စိတ်ရင်းကောင်းပြီး နွှေးထွေးတာကိုတွေ့ရမှာပါ။


Ichabod Cane

သူကတော့ Fabletown ရဲ့ မြို့တော်ဝန်ဖြစ်ပြီးတော့ Sleepy Hollow ပုံပြင်ထဲကဇာတ်ကောင်ဖြစ်ပါတယ်။ သူ့ရဲ့ပုံပြင်နောက်ပိုင်းမှာ သူကငကြောက်လုံးလုံးဖြစ်သွားပြီးတော့ Fabletown ဒုက္ခရောက်နေတာလဲသူ့မှာတာဝန်ရှိတဲ့အတွက် Fable တွေကတော့သူ့ကိုမကြိုက်ကြပါဘူး။ ငကြောက်ပေမယ့် လောဘကကြီး အာဏာကလဲပြချင်ပြီးတော့ အုပ်ချုပ်မှုအပိုင်းမှာ သူ့ရဲ့လက်ထောက်ဖြစ်သူ Snow White နဲ့ Sheriff ဖြစ်သူ Bigby Wolf တို့ကိုပဲနင်းကန် အော်ဟောက်ပြီး ခိုင်းလေ့ရှိပါတယ်။ တစ်ကယ်တမ်းတော့သူက Snow White ကိုတိတ်တိတ်ပုန်း Creepy ဖြစ်တဲ့အထိစွဲလမ်းနေတဲ့ဘဲပါ။


Beauty and Beast


Beauty နဲ့ Beast တို့အတွဲက Homelands မှာတုံးကတော့ မှော်ဆန်တဲ့ရဲတိုက်ကြီးထဲမှာ အခန့်သား အပြန့်သား နေရပေမယ့် Exodus ဖြစ်တဲ့အခါမှာ Homelands ကိုစွန့်ခွာပြီးပြေးလာရပါတော့တယ်။ Beast ကလဲ သူ့ကောင်မလေး မင်းသမီးကို အခန့်သားထားချင်တာကြောင့် ပိုက်ဆံကိုကြံဖန်ပြီးရှာ၊ Beauty ကလဲသူတို့အဆင်ပြေပြေနေနိုင်ဖို့အတွက် Beast မသိအောင်လို့ ပြည့်တန်ဆာ Hotel မှာ Receptionist ဝင်လုပ် အဲ့လိုနဲ့ရုန်းကန်နေကြရတာပေါ့။ ဟိုမှာတုံးကနန်းဆန်အောင်နေလာခဲ့တော့ အခုလိုနေရတဲ့အခါ မနေတက်ကြတော့ဘူးလေ။ အဲ့လိုနဲ့ ခမ်းခမ်းနားနားနေချင်တာကြောင့် ပိုက်ဆံကိုရတဲ့အပေါက်ကရှာတော့ မပတ်သတ်သင့်တဲ့သူတွေနဲ့ ပတ်သက်မိပြီး ပြသနာက စလာပါလေရော...

ဒါတွေကတော့ Game ထဲမှာပါတဲ့ Character အချို့အကြောင်းပါ၊ အခြားစိတ်ဝင်စားဖို့ကောင်းတဲ့ Character တွေလဲအများကြီးပါဝင်သေးတယ်။ Telltale ရဲ့ထုံးစံအတိုင်းပဲ ဇာတ်လမ်းကကိုယ်ရွေးချယ်မှုတွေအပေါ်မှုတည်ပြီးပြောင်းသွားတာမို့လို့ အစအဆုံးကစားပြီးရင်တောင် ဒီလိုမရွေးပဲ တခြားနည်းနဲ့သွားရင် ဘာဖြစ်သွားမလဲဆိုပြီး ပြန်ကစားကြည့်လို့ရပါသေးတယ်။ အဲ့တာတွေအပြင်ကိုမှ ဇာတ်သိမ်းပိုင်းမှာလဲ Player တွေကို အံ့အားသင့်ပြီးမေးခွန်းတွေများစွာနဲ့ ထားခဲ့နိုင်တာကြောင့် တစ်ကယ်ကိုကစားကြည့်သင့်တဲ့ Game တစ်ခုပါ။ The Wolf Among Us ကို PC, PS4, XboxOne, PS3, PSVita, Xbox 360, macOS တို့အပြင် Android နဲ့ iOS တို့နဲ့လဲကစားလို့ရပါတယ်။ Mobile မှာတော့ Episode 1 ကို Free ကစားနိုင်ပြီး ကျန်တဲ့ Episode တွေကိုတော့ဝယ်ကစားရမှာပါ။ ထုံးစံအတိုင်း Mod version တွေရှိပေမယ့် ဖြစ်နိုင်ရင်တော့ တန်ရာတန်ကြေးပဲဝယ်ပြီး ကစားစေချင်ပါတယ်။

Download Links : 

✨PC : https://bit.ly/2TsOcfh

✨Android : https://bit.ly/35hjiZF

✨iOS : https://apple.co/2SoZOQh

Comments

Popular posts from this blog

ဘယ် Mobile Game တွေက Chill လို့ကောင်းလဲ?

Mobile ပေါ်ရောက်လာပြီဖြစ်တဲ့ Albion Online

တော်လှန်ရေးသူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ - နွေဦးတော်လှန်ရေး Game အသစ်